ကြံ့ခိုင်ရေး အထောက်အကူပြုပစ္စည်းများ

Heavy Duty Metal Protector Product Code: AMH

AMH သည် သံနှင့်သံကြိုးများ၊ စပရိန်များ၊ မူလီနှင့်နတ်များ၊ ၀က်အူများ၊ မော်တော်ဆိုင် ကယ်ချိန်းကြိုးများကိုသံချေးမတက်စေရန်၊ သံချေးများ ဖယ်ရှားရန်၊ သံချေး တက်နေ၍ အသံမြည် နေလျှင်ပြုပြင်နိုင်ရန် အတွက် အသုံးပြုရသည့်  ဖြန်းဆေးဖြစ်ပါသည်။ AMH သည် Heavy Duty Multi-purpose ဘက်စုံ အသုံးပြုနိုင်ပါ သည်။

Heavy Duty Degreaser Product Code: ADG

ADG သည် ဖိတ်စင်ပေကျံသည့် ဓါတ်ဆီချေး၊ ဒီဇယ်ချေးများမှတဆင့် အချိန်ကြာလာလျှင် မျက်နှာပြင်များပေါ်တွင် အစွန်းအထင်းဖြစ်ပြီးချွတ်ရခက်သည့် အစေးများကို ဖယ်ရှားပေးနိုင်သည့် Heavy Duty သုံးအစွန်းချွတ်ဆေးဖြစ်ပါသည်။ ADG သည် အစေးကပ်နေသည့် သံနှင့်သံမဏိ မျက်နှာပြင်များ၊ အင်ဂျင်၊ ဂီယာနှင့်စက်ပစ္စည်းမျက်နှာပြင်များ၊ ကား Workshop ကွန်ကရစ်မျက်နှာပြင်များအပေါ်တွင် အလွယ်တကူဖြန်း၍ အသုံးပြုနိုင်ပါသည်။

Metal Protector Product Code: AMP

AMP သည် AMH ကဲ့သို့ပင် သံချေးတက်ခြင်းကို ကာကွယ်ဖယ်ရှားနိုင်ပြီး သံနှင့် သံမဏိကိရိယာ များကိုပြောင်လက်ချောမွေ့စေပါသည်။ AMP သည် လျှပ်စစ်ကြိုးများ၊ Fuel Ignition Systems များအတွက် ပိုသင့်လျော်ပြီး ပလတ်စတစ်များ၊ သရေကြိုးများ၊ အ၀တ်စများကို မပျက်စီးစေပါ။
 

Silicone Spray Product Code: ALS

ALS သည် သံမဟုတ်သည့် (Non-Metallic) မျက်နှာပြင်များဖြစ်သည့် နိုင်လွန်(Nylon)၊ ဖိုက်ဘာဂလက်စ် (Fiberglass)၊ ပလတ်စတစ်၊ သစ်သားနှင့် သားရေမျက်နှာပြင်များ ချောမွေ့မှုရှိစေရန် အသုံးပြုရသည့်ဖြန်းဆေးဖြစ်ပါသည်။ ထိုမျက်နှာပြင် များခြောက်သွေ့ကွဲအက်ခြင်း၊ မှိုတက်ခြင်းများ မဖြစ်ပေါ်အောင်လည်းကာကွယ်ပေးပါသည်။

Power Foam Product Code: APF

APF သည် ကားအင်ဂျင်များတွင်ပါရှိသည့် ဆီပိုက်များ၊ Intake Valves များ၊ Throttle Plates များ၊ Fuel Injectors များ၊ Combustion Intakes များ၊ Catalytic Converter များ၊ အိပ်ဇောပိုက် Emission Control Device များသံချေးများပိတ်ဆို့လျှင် အလွယ်တကူဖြန်း၍ သန့်စင်ဖယ်ရှားနိုင်ပါသည်။