AMSOIL – The First in Synthetics

AMSOIL INC သည် အမေရိကန်နိုင်ငံ Wisconsin ပြည်နယ်တွင် အခြေစိုက်တည်ရှိပြီး အမေရိကန်လေတပ် ဗိုလ်မှူးကြီး Mr.Albert က 1972 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ ခြင်းဖြစ်ပါသည်။တိုက်လေယာဉ် အင်ဂျင်များတွင် Synthetic ဆီအသုံးပြုခြင်း၏ အကျိုး ကျေးဇူးများပုံကို Mr. Albert သည် ကိုယ်တိုင်မျက်ဝါး ထင်ထင် တွေ့ရှိခဲ့သည့် အလျောက် ထို Synthetic အမျိုးအစား စက်ဆီချောဆီကို မော်တော်ကား အင်ဂျင်များတွင်ပါ အသုံး ပြုနိုင်ရန် ပြုပြင် ထုတ်လုပ်ခဲ့ပါသည်။

ထိုကဲ့သို့ ဦးစွာစတင်ခဲ့သည့်အပြင် အရည်အသွေးမြင့် ထုတ်လုပ်နိုင်ခဲ့၍ အမေရိကန်ရေနံဓါတု အဖွဲ့အစည်းကြီး (American Petroleum Institute – API) မှသတ်မှတ်သည့် API အရည်အသွေးမှီ Synthetics အမျိုးအစား စက်ဆီချောဆီ ဖြစ်ကြောင်း ကမ္ဘာ့ပထမဦးဆုံး အသိအမှတ်ပြုမှုကို 1972 ခုနှစ်တွင် ရရှိခဲ့ပါသည်။

AMSOIL INC သည် အရည်အသွေးအမြင့်မားဆုံးဖြစ်သည့် Synthetics အမျိုးအစားတစ်မျိုးတည်းကိုသာ သီးသန့်ထုတ်လုပ်ပါသည်။ ကမ္ဘာ တစ်ဝန်းတွင် အသုံးပြုလျှက်ရှိသည့် AMSOIL စက်ဆီချောဆီများသည် အမေရိကန်နိုင်ငံ Wisconsin ပြည်နယ်အခြေစိုက် စက်ရုံမှ တိုက်ရိုက် ဖြန့်ဖြူးခြင်းဖြစ်ပြီး ထုတ်လုပ်သူထံမှ သုံးစွဲသူ လက်ဝယ်ရောက်ရှိသည်အထိ အရည်အသွေး တပြေးညီ ထိန်းထားနိုင်သည့် အတွက် AMSOIL တံဆိပ်စက်ဆီ ချောဆီများကို မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ၊ အာရှ၊ အာဖရိကတိုက် နှင့် ပစိဖိတ်ဒေသများတွင် တွင်ကျယ်စွာ အသုံးပြုလျှက် ရှိပါသည်။